Sunday, November 30, 2008

Sweep Sweeper Sweepest !

ပေါက်လို့ကတော့ကွာ....



Gtalk မှ အလကားရသော ဗေဒင်ဆရာ တိုတိုလင်းဝက် ၏ အခါတော်ပေး အရ ...
Singapore စံတော်ချိန် ညနေ ၆ နာရီခွဲ တိတိတွင် Bishan Bus Interchange အနီးရှိ ထီဆိုင်၌ အင်္ဂါသမီး သူငယ်ချင်းနှင့် တူတူ ယနေ့ သွားရောက် ကံစမ်းပါသည်။

(မကြိုက်ရင် ပြီးမှ ပြန်ဖျက်ပေးမယ်)
:)


Saturday, November 29, 2008

Collection of Old Computer Ads

လုပ်စားလိုက်ဦးမယ်
ဒီတစ်ခါလည်း တင်ပြန်ပြီ။ သူငယ်ချင်းရဲ့ email...

ဒီ Blog ကိုတောင် သူ့နာမည် ပြောင်းပေးဖို့ ကောင်းနေပါပြီ။ :)

***




[အမှန်တော့ အဲဒီ စာသားတွေ ဖတ်ချင်ဘူး.. ကျောင်းတုန်းက စာတွေလိုပဲ.. :( ]



(မိုက်တယ်နော် idea လေးက...)



(အိုး အိုး အိုး)







(နောက်ရာစုတွေကျရင်လည်း ရှေးတုန်းကလူတွေ သွားလေရာ laptop ကြီးတွေ ဆွဲလို့ ဆိုတာ ရီစရာဖြစ်သွားမှာပဲ)



(ခုနေ ကြည့်တော့ ဟားဟားဟား ပေါ့... သူ့ခေတ်တုန်းကတော့ သူလဲ Super ပါပဲ)




(တော်တဲ့လူတွေများ ငယ်ငယ်တည်းက မျက်မှန်တပ်တယ် ထင်တယ်)

***
Electronics နဲ့ ပတ်သတ်တဲ့ အပြောင်းအလဲဟာ ကမ္ဘာကြီးတစ်ခုလုံးနဲ့ သက်ဆိုင်သတဲ့။
Electronics နဲ့ ပတ်သတ်တဲ့ တိုးတက်မှုတစ်ခုဟာ ကမ္ဘာကြီးရဲ့ တဆစ်ချိုး ဖြစ်တယ်တဲ့။

Civil Civil ဖြစ်နေတဲ့ ခေတ်မှာ... ကျွန်မကို Electronic Major ရောက်အောင် တွန်းပို့လိုက်တဲ့ တစ်ခွန်းတည်းသော စကား။

အဲဒီ စကားပြောပေးခဲ့တဲ့ လူကို ဒီနေရာကနေ Credit ပေးပါတယ် :)

ကျောင်းပြီးတဲ့ အချိန်မှာ Electronic Field ထဲ လုံးလုံး မ၀င်ခဲ့လည်း Electronics သင်ခဲ့ရတာကို ကျေနပ်ပါတယ်။
အော် မတူတဲ့ subject တစ်ခုကို လေ့လာဖြစ် လေ့လာဖူးခဲ့တယ် ဆိုပြီးတော့လေ

ကျန်တာတွေက လုပ်ရင်းသင်သွားလို့ ရတာကိုး
Electronics ကတော့ ကျောင်းတုန်းကသာ မသင်ဖြစ်ခဲ့ရင် နောက် ဘယ်တော့မှ လှည့်ကြည့်ဖြစ်မှာ မဟုတ်တဲ့ ဘာသာရပ်ပဲ။

အင် ဘာတွေ ရေးမိပါလိမ့်
ခေါင်းစဉ်နဲ့လည်း မဆိုင်ဘူး

***

Friday, November 28, 2008

Current Situation in My Workplace

အရမ်းကို အလုပ်များတာ မှတ်မှတ်ရရ Crisis သတင်း စကြားပြီး ကတည်းကပဲ
ဆိုတော့ .. ၁ လလောက် ရှိရောပေါ့
အရင်ကမှ ရုံးမှာ အနည်းဆုံး တပတ် တရက်လောက်တော့ လပ်ရားလပ်ရား လုပ်နိုင်သေးတယ်

ခုတလော ဘယ်လို ဂြိုဟ်စီး ဂြိုဟ်နင်းထဲ ရောက်နေလဲကို မသိဘူး
နှစ်ခု သုံးခုမက တပြိုင်တည်း လုပ် လုပ်နေရတယ်
အားလုံး Sentosa Project တွေချည်းပဲ

တစ်ခုပြီးလို့ Approval အတွက် တင်လိုက် comment ပေးပြီး ပြန်ချပေးလိုက်
နောက်တစ်ခု လုပ်နေရာကနေ အဟောင်းကို ပြန်ကိုင်လိုက် ခဏနေ Manager က လာပြီး နောက်တစ်ခု အကြောင်း လာမေးလိုက် ... လုပ်လက်စကို ဘေးဖယ်ထားပြီး သူနဲ့ ပြောလိုက်... ပြီးသွားလို့ ဆက်လုပ်လိုက်ဦးမယ်လို့ ပြင်လိုက်တဲ့ အချိန်မှာ ... ကိုယ့်ဟာကိုယ် ဘာလုပ်နေတာလဲ ဆိုတာ မသိတော့ဘူး
ချာလပတ်ရမ်းတယ် ဆိုတာ အဲဒါပဲနေမှာ

အရေးထဲ ကိုင်နေတဲ့ project တွေက အားလုံး Santosa ဖြစ်ရုံ မက...လမ်းနာမည် တွေပါတူတော့ ဘယ်လို မှတ်ရမှန်းကို မသိဘူး... Manager ကတော့ plot no. တွေ အကုန် အလွတ်ရပြီး ...ဟေး B18, B7 စသဖြင့် လာလာပြောရင် အက္ခရာတွေ ဂဏန်းတွေ မှတ်တာ ညံ့လွန်းတဲ့ ကိုယ်က ဘာက ဘာမှန်းကို မသိတာ...

အဲဒါကျ GM နဲ့ ကိုယ်နဲ့မှ ကွက်တိ .."မင်းကို မနေ့က ငါပြောတဲ့ ပုံဟာလေ... roofing က ဒီလို ဒီလို ဒီလို " ဆိုပြီး လက်ဟန် နဲ့ ပုံဆွဲပြလိုက်တာ မျက်လုံးထဲမှာ တန်းကနဲပဲ...
တခါတခါတော့ "cantilever ကို 50x50 သုံးထားတဲ့ ပုံဟာလေ" ဆိုပြီး unique ဖြစ်မယ့်ဟာကို ရွေးပြောတတ်တယ်..
ကြည့်ရတာ သူလဲ ကိုယ်လိုလူမျိုးပဲ... Main Con ကနေ တဆင့် Consultant ဆီက comment လာပြီဆို.. ok ဒါ ဒီလို လုပ်လိုက်ဆို တစ်ခွန်းပဲ

Manager ကျ တမျိး ဆရာ
Standard Size က ဒီလောက်လာမှာ.. Miss Ko, မင်း ပုံက length ဒီလောက်ပဲ ထားရလား ... U draw & draw & calculate & calculate, again & again ... but u never think about cost တဲ့...ဒါနဲ့ပဲ Consultant’s comment ကို GM နဲ့ လက်ဝါးရိုက်ပြီး amend လုပ်ထားတာတွေ အစက ပြန်ပြင်ပဲ...

Manager ပြောနေကျ စကားက Ohhhhh.... so many wastage! တဲ့

လူကြီးဟာ လူကြီးပဲနော်...အင်ဂျင်နီယာပိုင်းတင် မဟုတ်ဘဲ အားလုံးကို ခြုံငုံမြင်နိုင်နေတော့တာ

ဗျာများရပေမယ့် ပညာလည်း အများကြီး ရပါရဲ့
စိတ်ရှုပ်ရပေမယ့် ဒီလို အလုပ်ရှုပ်တာကို ကျေလည်းကျေနပ်ပါရဲ့

အလုပ်ထဲမှာ ခေါင်းပူရပေမယ့် ပြန်လာရင် လွတ်လပ်ပေါ့ပါးပြီး နေတာပဲ

အမယ် BreadTalk မှာ ဒီနေ့ မုန့် အသစ် ထွက်တယ် ဆရာ
ရိုးရိုး ပေါင်မုန့်ထဲမှာ ၀က်ပေါင်ခြောက်လေးတွေ အခွေလိုက် ထည့်ပြီး ကိတ်လိပ်လို ပုံစံ လုပ်ထားတာ

Casher နားမှာ ပြထားတာ ဆိုတော့ ငွေရှင်းဖို့ တန်းစီရင်း အဲဒါကို ကြည့်မိတယ်
ပြီးတော့ မအောင့်နိုင်ဘဲ ရီမိပါရော ..
နာမည်က "Crouching Tiger & Hidden Bacon" ဆိုတာကိုး..
တတ်လဲ တတ်နိုင်ပါပေရဲ့

ကိုယ် ရီတော့ ရှေ့က လူ ၂ ယောက်က မသိမသာ လှည့်ကြည့်တယ်
ဒါနဲ့ Serve လုပ်ပေးနေတဲ့ staff ကို လှမ်းပြီး ဒါက new product လား ဘာညာနဲ့ အရှက်ပြေ (သို့သော် don't care ပုံစံနဲ့) စကားပြောရတယ်

အလုပ်ဆိုတာ ဘယ်လောက်ရှုပ်ရှုပ် ကိုယ့်အတွက် အဓိပ္ပါယ်ရှိနေရင် Stress ဖြစ်ခဲ့ရင်လဲ ခဏပါပဲ

(P.S : Manager က အသက်ကြီးကြီး...၆၀ နီးပါး... GM ကတော့ လူလတ်ပိုင်း under 40 လောက်ပဲ ရှိဦးမယ်)

Correction: 1) လပ်ရားလပ်ရား to လတ်လျားလတ်လျား။

2) Casher to Cashier

Cashier အား ပြင်ပေးသော အခန်းဖော် အစ်မ နှင့်

လတ်လျားလတ်လျား အား gtalk မှ လှမ်းပြင်ပေးသော တိုတိုဆရာ ကို ကျေးဇူးတင်ပါသည်။ :) :) :)

Sunday, November 23, 2008

Chicken Politics


BARACK OBAMA : The chicken crossed the road because it was time for a CHANGE! The chicken wanted CHANGE!


JOHN MCCAIN : My friends, that chicken crossed the road because he recognized the need to engage in cooperation and dialogue with all the chickens on the other side of the road.


HILARY CLINTON : When I was First Lady, I personally helped that little chicken to cross the road. This experience makes me uniquely qualified to ensure -- right from Day One! -- that every chicken in this country gets the chance it deserves to cross the road. But then, this really isn't about me.......


GEORGE W. BUSH : We don't really care why the chicken crossed the road. We just want to know if the chicken is on our side of the road, or not. The chicken is either against us, or for us. There is no middle ground here.


JOHN LENNON : Imagine all the chickens in the world crossing roads together, in peace and harmony ……


BILL GATES : I have just released eChicken2007, which will not only cross roads, but will lay eggs, file your important documents, and balance your check book. Internet Explorer is an integral part of the Chicken. This new platform is much more stable and will never …………….. crash …….... OK, let's reboot.


BILL CLINTON : I did not cross the road with THAT chicken. By the way, what is your definition of chicken ?


AL GORE : I invented the chicken !


LEE HSIEN LOONG : Gantry points have been set up. All chickens wanting to cross the road are advised to top up their cash cards first.


ABDULLAH BADAWI : We have to be fair to all chickens. Some want to cross over the road, some do not. ........ zzzzzz .......zzzzzz ..... Now what were we talking about ? Ah yes, chickens. We will form a Royal Commission to decide whether it is right for them to cross the road.


MAHATHIR : Apakah benda ini ? The non-Bumi chickens want to cross the road ? How can they disrespect and disregard the Bumi chickens !!! We must be allowed to cross over first. It is our right !


ANWAR : We have enough chickens waiting to cross over on September 16 !!!


WONG KAN SENG : I am sorry that the chicken was allowed to cross the road. It was an honest mistake. Let's move on.


Singapore Table Tennis Association (STTA) President-cum-PAP MP Lee Bee Wah : Huh ? No coach accompanying the chicken ? I want to sack the team manager !!!

___________________________________________________________________

post တင်ချင်နေပေမယ့် လူမှုရေးကများ အချိန်ကနည်း ... ဆိုတော့ ထုံးစံအတိုင်းပေါ့လေ... သူငယ်ချင်း forward ထားတဲ့ email ကိုပဲ တင်လိုက်တယ်

လီရှင်လွန်း နေရာလဲ ရောက်ရော မပြုံးဘဲကို ရယ်မိတော့တာပါပဲရှင်

ဒီ Sunday မှာ ခြေဆန့်ထားမိတော့ နက်ဖန်ကိုပဲ ez link card ကို top up လုပ်ရဦးမယ်

ကိုယ်တွေ့ ကိုယ်တွေ့

Friday, November 21, 2008

Second Time to East Coast

ပြီးခဲ့တဲ့ စနေနေ့က "အရှေ့ကမ်းခြေ" ကို ဒုတိယ အကြိမ် ရောက်ခဲ့တယ်။



အချိန်မရွေး မော့ ကြည့်လိုက် .. တစ်စီးမဟုတ် တစ်စီးပျံတယ်



သူတို့ ရဲ့ နိဗ္ဗာန်ဘုံ



ကမ်းခြေ (၁)



ကမ်းခြေ (၂)



ကမ်းခြေ (၃)



ကမ်းခြေ (၄)




ရိုက်တော့မယ်



မစု နှင့် ကလေးတစ်သိုက် (Note: Not her own :P)



သုံး နဲ့ လေး




ချစ်နေလိုက်ကြတာ :)



So nice!



အခြားတဖက်



ကမ်းခြေမှာ တွေ့တဲ့ ကလေးလေး




ခြေရာ



ဘာရယ်မဟုတ် တငုတ်တုတ်နဲ့ ...
(မင်းထင် ကိုကိုကြီးရဲ့ ကဗျာ တပိုင်းတစ ပေါ့.. ကဗျာ နာမည်က "စင်အောက်က လု" တဲ့)




Where is Leo?

Wednesday, November 12, 2008

Photos!

ရေးစရာတွေ ရှိပေမယ့် ရေးဖို့ အချိန်မရတာနဲ့ အကြံကုန် ဂဠုန်ဆားချက် လိုက်တာ...:)


(My Office)
(
မနေ့က Print ထုတ်တာရပ်ကြည့်ရင်း စိတ်ကူးပေါက်ပြီး ရိုက်ထားတဲ့ပုံ... ထောင့်စွန်းနားလေးက အဖြူရောင် အ၀ိုက်က A-1 sheet ထုတ်တဲ့ Printer)



(Woodlands MRT)



(အရှေ့ကမ်းခြေ)



(MRT ပေါ်မှာ)



(ဒါကတော့ Queen! :P)

Saturday, November 8, 2008

ချည်တိုင်



စပါးကြီးမြွေ တစ်ကောင်ရဲ့ရှေ့မှာ

လမ်းပျောက်ရသလိုပါပဲ…

ဒီနေရာကိုပဲ တ၀ဲဝဲလည်ပြီးရောက်နေခဲ့တာပေါ့

*

အရာရာကို ဇာတ်သိမ်းပစ်လိုက်နိုင်ပြီလို့

သူရဲကောင်းဆန်စွာ ထင်နေမိပေမယ့်

ရှေ့ဆက်လျှောက်ရင်းကပဲ

သူ့ရှေ့မှောက်ကိုသာ ပြန်, ပြန်ရောက်လာခဲ့…

*

လမ်းချိုးတစ်ခုဆီကွေ့ရှောင်

လွတ်အောင်ရယ်လို့ ပြေးထွက်ခဲ့ပေမယ့်

လမ်းဆုံးမှာ တည့်တည့်ဝင်တိုး

သူ့ရဲ့နှောင်ကြိုး ပိုက်ကွန်ထဲ…

*

နောက်မှာချန်ရစ် ကျောခိုင်းပစ်ခဲ့ပေမယ့်

ဝေးဝေး သွားဖို့ခွန်အားမရှိသေးခင်

တင်းရင်း ရစ်နှောင်

ပြန်လည်ခေါ်ဆောင်ရာဆီပါသွား

('အချစ် ' ဆိုတာ)

ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလားကွယ်…

*

ရုန်းလို့လဲ မလွတ်နိုင်တော့ပါဘူး

ရုန်းလို့လဲ မထွက်ချင်တော့ပါဘူး

ဒီကြိုးမျှင်တွေကြားထဲ တိုးဝင်ရင်း

သူ့ရဲ့ ချည်နှောင်ခြင်းတွေမှာပဲ

ကျေနပ်စွာနဲ့ နှောင်ဖွဲ့ခံတော့…

ကိုယ်ဟာ သူ့ရဲ့ သားကောင် ပေါ့ကွယ်…

Friday, November 7, 2008

Newborn President!

http://www.youtube.com/watch?v=Jll5baCAaQU


ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး
နိုင်ငံတကာရေးရာလည်း စိတ်မ၀င်စားအားတာ တော်တော်ကြာပေါ့ (ပင်ကိုကလည်း စိတ်မပါတာ တစ်ကြောင်း)

ခုလတ်တလော blog တွေ မသွားလိုက်နဲ့
သွားလိုက်တာနဲ့ Obama အကြောင်းပဲ တွေ့တွေ့ နေတော့ နဲနဲတော့ စိတ်ယိုင်သွားသား
ဒါနဲ့ သူ့အကြောင်းကို Wiki မှာ အရင်ဆုံး ရှာကြည့်မိတယ်
ပြီးတော့ အခု You Tube ပေါ့

စကားပြောတော့ တော်တော် ကောင်းတာကိုး
ရှေ့နေဖြစ်ဖို့ကို မွေးလာတဲ့ လူမျိုးပဲ

Michelle Obama ကိုညွှန်းသွားတာပဲ ကြည့်တော့
My best friend for the last 16 years... Wife of my family... Love of my life... Nation's First Lady တဲ့ (Listening ညံ့လို့...မှားနေရင်လည်း ပြင်ပေးပါ)

သူ့ အမျိုးသမီးရဲ့ support တွေ မပါဘဲ သူ ဒီည ဒီမှာ ရပ်ပြီး စကား ပြောနိုင်မှာ မဟုတ်ပါဘူးတဲ့ (ကိုယ်သာဆိုရင်တော့ နေရာမှာတင် အရေပျော်ပြီ)
လန်ထွက်နေတာပဲ စာရေးဆရာပါ လုပ်ဖို့ကောင်းတဲ့လူ...

ကိုယ်တော့ အမေရိကန် သမ္မတထက် အမေရိကန်တွေကိုပဲ ပိုပြီး အားကျတယ်
ဘယ်လောက် လွတ်လပ်သလဲ
ကိုယ်တင်ချင်တဲ့လူ တင်ရုံပဲ
ဘယ်တွန်းအားမှ မပါ... ဘယ်လို လက်တစ်လုံးကြားမှ မပါ
Michelle Obama နေရာမှာ ကိုယ်ဆိုရင်တော့ သူ သမ္မတ ဖြစ်သွားတာထက်
ကိုယ် သမ္မတကတော် ဖြစ်ရတာကို ပိုပြီး ပျော်မိမှာပဲ :P

(ေ
သြာ် ခဏလေးပဲ ဖြစ်ဖြစ် First Lady ဖြစ်ကြည့်ချင်လိုက်တာ)

Wednesday, November 5, 2008

အိပ်မက်ဟောင်း



ချစ်သူ…

မနေ့တနေ့ကလိုပဲနော်…


မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက

ဒီမျက်လွှာတွေကို ညှို့ချ

ဘယ်တော့မှ အနိုင်မရစေခဲ့ဘူး…


*

ဘာမှ မပြောင်းလဲဘူး ချစ်သူ…

ဒီလို အကြည့်တွေနဲ့ပဲပေါ့…

ကိုယ့်ခြေလှမ်းတွေရဲ့ အသိမ်း အနုတ်ကို
အဝေးကတောင် ထိန်းချုပ်နိုင်ခဲ့တယ်…


*

အရင်အတိုင်းပါပဲ…


ဒီမျက်ဝန်း အကြည့်တွေက

ခံစားမှုတွေ နိုးထစေလို့

မင်း နဲ့ ကိုယ့်ရဲ့အကြောင်း

မဟောင်းသေးဘူးပဲ ထင်မိတယ်…


(ကိုယ် ဘယ်တော့မှ မနိုးထချင်ခဲ့တဲ့ အိပ်မက် တစ်ခု အကြောင်း)

Sunday, November 2, 2008

မင်း နဲ့ ကိုယ်




မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ

လေးလံ ထိုင်းမှိုင်းမှုတွေကို

ချေဖျက်ပေးသယောင်နဲ့

Caffeine ဓါတ် များများ

ရင်ခုန်မှုတွေသာပေးထားခဲ့တာ...

*
မင်းက ကိုယ့်ရဲ့ အိပ်မက်ချိုပါ

ပျော်ရွှင် ယစ်မူးစေခဲ့သလောက်

မနက်ခင်းကိုလဲ ရောက်ရော

ကိုယ်ကြောက်တဲ့ အလွမ်းတွေနဲ့ပဲချန်ထားရစ်ခဲ့တာ...

*

မင်းက ကိုယ့် နံနက်ခင်းရဲ့ အလင်းရောင်ပါ

မပိုင်ဆိုင်ရရင်တောင်...

အငွေ့ အသက်နဲ့တင်ရှင်သန်ခွင့်ရချင်ရဲ့ ...

*

ကိုယ်က အနန္တ စကြ၀ဠာပါ

ရင်ခွင်ထဲမှာရှိတဲ့ အလင်းပွင့်တွေက

မင်းအတွက် ချစ်ခြင်းတွေကို

ကိုယ်စားပြုရင်း ဖန်ဆင်းခဲ့တာပေါ့...

*

ကိုယ်က မဟာ သမုဒ္ဒရာပါ

မင်းအတွက် အချစ်တွေက

ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့

သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...

*

ပြီးတော့...

ကိုယ်ဟာ မင်းပါ...


(about Feb 1999)