Sunday, March 29, 2009

When I got in Yangon...

(ရွှေတိဂုံ ညနေ)

(ကမ္ဘာအေး ဓါတ်တော်တိုက်ထဲက ရုပ်ပွားတော်)

(လုမ္ပနီ အင်ကြင်း)

(မဟာ သဒ္ဓမ္မရံသီ ဆရာတော်)



(ဆရာကြီးဦးဘသန်း မွေးနေ့တုန်းကတဲ့.. ဖေဖေကျန်ခဲ့တာ)

(အိမ်က ကြောင်ကြောင်, New Born Baby... ရှေ့ကို မလာလို့ ချောင်ထဲထိ သွားရိုက်ရတယ်)

(အပြန်မှာ...)

ကိစ္စအားလုံး ပြီးတဲ့ အချိန်မှာ ရွှေတိဂုံဘုရားကို တညနေ ဖူးခဲ့ပါတယ်။

ပြီးတော့ မဟာသဒ္ဓမ္မရံသီဆရာတော် ရှင်ကုသလ္လာဘိဝံသကို မေမေ၊ အဒေါ်၊ ဖေဖေ့ကျောင်းနေဘက် သူငယ်ချင်း အန်တီတစ်ယောက်တို့နဲ့တူတူ သွားဖူးပါတယ်။ အမှန်အတိုင်းပြောရရင် အရင် မြန်မာပြည်မှာနေတုန်းက ဘာသာရေးကိစ္စတွေနဲ့ တော်တော်ဝေးတာပါ။ ဘယ်တရားပွဲမှလည်း ညဘက်သွားပြီး မနာဖူးပါဘူး။ မရမ်းကုန်းတမြို့နယ်ထဲနေပြီး သဒ္ဓမ္မရံသီဆရာတော် ကိုလည်း ခုမှ ဖူး, ဖူးတာပါ။ အတူနေတဲ့ အဒေါ်ကတော့ မကြာခဏသွားပါတယ်။

ကမ္ဘာအေးဘုရားမှာလည်း တံမြက်စည်းလှည်းခဲ့ပါတယ်။ မနှစ်ကလို...

နောက် ၀ယ်စရာရှိတာတွေ ၀ယ်ဖို့ Junction 8, ကမ္ဘာအေးက ဂမုန်းပွင့်၊ လှည်းတန်း စိန်ဂေဟာ (အရင် စန္ဒာမြိုင်နေရာမှာ)... ရန်ကုန်ကပဲ ပြောင်းတာလား ကိုယ်ကပဲ ပြောင်းတာလားတော့ မသိဘူး။ အရင်က city mart မှာ ဈေးဝယ်ရရင် သိပ်သဘောကျတာပဲ။ ခုတော့ အရောင်တွေ မှိန်နေသလိုလို... air con ကလဲ သိပ်မအေးဘူး...ဘာလိုနေပါလိမ့်လို့တွေးမိတယ်။

မြို့ထဲ ပလက်ဖောင်းတွေပေါ် လျှောက်ရတာ အဆင်မပြေ...ဘေးက မီးစက်သံတွေ တဒုန်းဒုန်း ... လောင်စာဆီနံ့တွေကနံ...ဒါတောင် မြန်မာပြည်မှာတုန်းက generator trading မှာ နှစ်နဲ့ချီ လုပ်လာတာ...(ဒါပေမယ့် ကိုယ်တို့ သွင်းတဲ့ generator တွေက Made in UK တွေကိုကွယ်...ကွာတော့ကွာတာပေါ့) ... သစ်ရိပ်ဝါးရိပ်ကောင်းကောင်းမရှိ ပူပူခေါင်ခေါင်...

၉တန်းဖြေပြီးကတည်းက နေလာခဲ့တဲ့ ရန်ကုန်... ဇာတိမြေထက်တောင် ရင်းနှီးကျွမ်းဝင်ခဲ့တဲ့နေရာ... ပြောပြန်ရင်လည်း စင်ကာပူလောက်ရောက်ပြီး ဘာထင်နေလဲ ဖြစ်ဦးမယ် ... ပြောတော့ပါဘူး။

ဖတ်ဖြစ်လာတာတွေက...
> ပေဖူးလွှာခေတ်က (ဦး)၀င်းငြိမ်းနဲ့ ဆရာ အောင်သင်း အင်တာဗျူးကို ပြန်ထုတ်ထားတဲ့ "စာပေ လူကြမ်းမင်းသား"
> လူထုစိန်ဝင်းရဲ့ ဂျာနယ် ဆောင်းပါးတွေ ပြန်ထုတ်ထားတဲ့ "ပထမတန်းစား စိတ်ဓါတ်"
> ခင်ခင်ထူး ရဲ့ "ဆံရစ်ဝိုင်း" ၀တ္ထုတိုများ
> ဂျူး ရဲ့ "ကျွန်မ ချစ်သော နိုင်ငံ" နဲ့ "ကျွန်မ ချစ်သော ကမ္ဘာမြေ"
> အဏ္ဏ၀ါစိုးမိုး
ဲ့ "အဏ္ဏ၀ါ ခရီးသည်"
> လူထုဒေါ်အမာ ရဲ့ "ရွှေမန်းတင်မောင်" (အဲဒီစာအုပ်ကတော့ ပြီးအောင် မဖတ်နိုင်ခဲ့ဘူး)

ဒီမှာ ဖတ်ဖို့ ၀ယ်လာဖြစ်တာတွေက...
> Dr. ခင်မောင်ဝင်း (အသည်း) ရဲ့ "အမေနဲ့ ကျွန်တော်" (ကလျာမှာ အခန်းဆက်ရေးကတည်းက ဖတ်ခဲ့တာ...အဲဒီဆောင်းပါးစုရဲ့ အကြောင်းအရာကိုလည်း ကြိုက်ပါတယ်... အငွေ့အသက်ကို ပိုပြီး ကြိုက်ပါတယ်)
> ၀င်းထွဋ်ဇော် ဘာသာပြန်တဲ့ "ပါဝါ ကျဆုံးခြင်းနှင့် စင်ကာပူ ဘ၀ရနံ့ ၀တ္ထုတိုများ" (One Singapore by Goh Sin Tub)
အဲဒီ စာအုပ်မှာ စင်ကာပူ သမ္မတ နဲ့ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်တောင် အမှာရေးထားပြီး၊ စာရေးသူ Goh Sin Tub ဟာ စင်ကာပူ ပညာရေး အသိုင်းအ၀ိုင်းမှာ ကျော်ကြားသူ၊ Public Service ဆု ချီးမြှင့်ခြင်း ခံရသူလို့ ဖော်ပြထားပါတယ်။ ၁၉၂၇ ဖွားဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ ဖူးသူပါ။

(စာအုပ်ကို ခုထိ မဖတ်ရသေးပါ)။ စင်ကာပူဟာ ကျွန်မ ငယ်ဘ၀ စိတ်ကူးအိပ်မက်ထဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ နိုင်ငံဆိုတော့ ရောက်သာရောက်လာတာ စင်ကာပူ အကြောင်း ဘာမှ မသိသလောက်ပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို တွေ့တော့ ဖတ်ရမယ် ဆိုပြီး ၀ယ်လာခဲ့တာပါ။

Mechanical က ဆရာကြီး ဦးဘသန်း (၇၈) နှစ်မွေးနေ့
ပွဲက အမှတ်တရ ပစ္စည်းလေးတော့ ဓါတ်ပုံရိုက်ယူလာတာ တင်ပေးလိုက်ပါတယ်။ နောက်ကျောဘက်မှာ လက်ရေးနဲ့ ဆုတောင်းစာ။ ဆရာကြီး လေဖြတ်ထားလို့ လက်ရေးလေးတွေက ကလေး လက်ရေးလေးတွေလိုပဲ။ ဆရာကြီးကို သိပ် familiar မဖြစ်ပါဘူး။

ဘာလို့ဆိုတော့ ဖေဖေတို့က အဆောင်နေလာတော့ ဘာသာရပ်ဆိုင်ရာ ဆရာတွေထက် အဆောင်မှူးတွေနဲ့ ပိုရင်းနှီးခဲ့ပုံ ရပါတယ်။
ဒါကြောင့် ဖေဖေ့ Major ဆရာတွေထက် Textile က A ဆောင် အဆောင်မှူး ဆရာဦးလှရွှေတို့ ၊ Chemical က အင်းလေးဆောင် အဆောင်မှူး ဆရာ ဦးတင်လင်း (ယခု Temasak Poly) တို့တွေကိုပဲ သိနေ၊ ရင်းနှီးနေပါတယ်။ ဆရာ ဦးလှရွှေကို ခဏ ဆုံခဲ့ပါတယ်။ ဒူးနာတာကလွဲလို့ ကျန်းကျန်းမာမာရှိပုံပါ။ ဆရာဟာ ဟိုးအရင် ကျွန်မတို့ နယ်မှာနေတုန်း ဆုံဖြစ်ခဲ့တဲ့ အရွယ်ထက် ပိုကြီးသွားတယ် မထင်ရပါဘူး။ အဲဒါကို သူ့တပည့်ဟောင်းတွေ တညီတညာတည်း ပြောကြတာကို ကြားခဲ့ရပါတယ်။ ဆရာတို့မျက်နှာတွေဟာ stress မရှိတဲ့ ကြည်လင်တဲ့ မျက်နှာမျိုးတွေပါ။

(Blogger တွေထဲမှာ RIT ကလူတွေ တော်တော် များများ ရှိတာမို့ information ပေးတာပါ)

အဲဒီ ဆရာကြီး ဦးဘသန်း မွေးနေ့ပွဲက အခွေကို
ဖေဖေပါလို့ လုံးဝ မကြည့်ခဲ့ပါဘူး။ သတင်းကြားတာတော့ ပါမောက္ခတွေ စကားပြောတဲ့ အချိန် ကျောင်းသားတွေ(အသက် ၄၀ကျော် ၅၀ကျော်များ) တယ် ဗရုတ်ကျဆိုပဲ။

Friday, March 27, 2009

ကျေးဇူးစကား


Email များ


ဘယ်လိုဖြစ်တာလဲ?

ကိုယ်မင်းကို စိတ်ပူတယ်။
မင်း အခု ဘယ်လိုနေမလဲဆိုတာကိုပါ။
မင်း ကိုယ့်ကို စာပြန်အုံး

(ရန်နိုင်)
___________________________________
khinoomay: ရှိလား
လူ
13 Mar 09, 14:44
kom: အဖေ နေမကောင်းဘူးလား။ အစ်မကို အကြောင်းပြန်ပါဦး စိတ်ပူနေတယ။် take care..
မေးလ်ပိုပြီးရင် စီပုံးမျာ မျက်မှာလာပြပေးပါ။ စကားမပြောချင်လဲ ရတယ။် အစ်မက မေလ်ကို ပိတ်ထားလေ့ရှိလို့ပါ။ အကောင့်ငါးခုရှိလို့ပါ။

ညီမစိတ်မကောင်းပါ
အများကြီးမကောင်းပါ
တကယ်မကောင်းပါ
စိတ်အေးအေးထားပါ
ငိုချင်ငိုပါ
အားလုံးအဆင်ပြေပါစေး

အစ်မ

welcome back
be in peace mind
အားမပေးတတ်တော့
အဆင်ပြေပါစေ

(မမ ခင်ဦးမေ)
_____________________________________
Cho: သူငယ်ချင်းရေ
4:27 PM နင့်ကို online မှာ မတွေ့တော့လို့ နင်များရန်ကုန်ကို ပြန်သွားလား လို့ စိတ်ကထင်လိုက်မိတယ်
4:28 PM နင့် blog ကိုဝင်ကြည့်ရင် သဲလွန်စ တစ်ခုကို ရမှာပဲလို့ ငါတွက်မိတော့
4:29 PM ခုချက်ချင်းပဲ blog ကို ငါဝင်ကြည့်မိတယ်။
4:30 PM “ နင့်ဖေဖေ သတင်းကို NT ရေးထားတာတွေ့ရတော့ ငါစိတ်မကောင်းလိုက်တာဟာ”
4:31 PM နင်ဖေဖေကိုနင်အရမ်းချစ်တာ ကျောင်းနေစဉ်တလျှောက်လုံးငါသတိထားမိပါတယ်
4:34 PM ဒီသတင်းကို ကြားရတာ ငါတော်တော်ကို shork ဖြစ်သွားတယ်။ နင်နဲ့ထပ်မျှဝမ်းနည်းမိတာ ငါ့ရင်တွေတောင် တဒိန်းဒိန်းခုန်သွားတယ်။ ဒါကြောင့် ဒီစာကို ရေးလိုက်တာ။ ဘာမှစိတ်ဓာတ်မကျနဲ့လို့အားပေးချင်ပေမယ့်
ဒီစကားဟာထိရောက်ချင်မှ
ထိရောက်မှာပါ။
4:35 PM အဲဒိတော့ ငါ့ရင်ထဲမှာရှိတဲ့စကားပဲ ငါပြောတော့မယ်။
ငါလည်းနင်နဲ့ထပ်တူထပ်မျှဝမ်းနည်းမိတယ်။

(ချိုမာ)
________________________________________________

Ama ! we are hear about this news , we feel so sad sis.Anyone will pick u at airport when u came back ?what time r u reach at singapore?Take care sis !!!!

(S ei) (Room mates)
_______________________________________________________________
Cbox မှ

28 Mar 09, 00:06
JulyDream: Welcome back... :)
27 Mar 09, 23:53
MS&EM: Life is eternal, and love is immortal, and death is only a horizon; and a horizon is nothing save the limit of our sight...
27 Mar 09, 23:35
မိုးချိုသင်း: အလုပ်ဖြစ်ဖြစ်၊ ကိုယ်ဝါသနာပါရာဖြစ်ဖြစ် occupy ဖြစ်အောင်နေပါ။ ဒါဆို ခံစားရတာ သက်သာမယ်။
27 Mar 09, 23:35
မိုးချိုသင်း: ကျန်းမာရေးလဲ ဂရုစိုက်ပါအုံး။ လူက ပိန်ပိန်လေး။
27 Mar 09, 23:34
မိုးချိုသင်း: ညီမရေ ပြန်ရောက်ပြီနော်။ အမ လာအားပေးပါတယ်။ တတ်နိုင်သမျှ စိတ်ကို ခိုင်အောင် ထားပါ။ ကိုယ်ချင်းစာ နားလည်ပါတယ်။
27 Mar 09, 23:30
strike: ပြန်ရောက်ပြီဆို
27 Mar 09, 00:42
strike: သတိရနေကြပါသည်
25 Mar 09, 08:31
thetpaingthu: မမရိတာရေ.. ပြန်လာခဲ့တော့လေ
21 Mar 09, 10:11
thetpaingthu: မမရိတာရေ.... အဆင်ပြေပါစေနော်
19 Mar 09, 13:51
ကို: may be happy!
18 Mar 09, 09:51
sdl: ရီတာရေ.. အားတင်းထား
18 Mar 09, 01:11
ရွာသားလေးဝိုင်တီယူ: အစစအရာရာ အဆင်ပြေပါစေခင်ဗျာ
17 Mar 09, 22:04
visuta: sorry to hear the death of your father, my feeling is same to you. Soo after i reached to my university, i read your post and knew the sad news. Once again let me say, so sorry to hear such news.
15 Mar 09, 16:47
kyiphyupaing (chomar): နင်နဲ့ထပ်တူထပ်မျှနီးပါးဝမ်းနည်းတာငါ့ရင်တွေတောင် တဒိန်းဒိန်းခုန်သွားတယ်။ဘာမှအားမငယ်နဲ့လို့ပြောချင်ပေမယ့် ထိရောက်မှာမဟုတ်မှန်းသိတော့ စိတ်ထဲရှိတာပဲပြောတော့မယ်။နင်နဲ့ထပ်တူနီးပါးစိတ်မကောင်းဖြစ်မိတယ်။
15 Mar 09, 16:45
kyiphyupaing (chomar): နင့်ဖေဖေသတင်းကို NT ရေးထားတာတွေ့ရတော့ ငါစိတ်မကောင်းလိုက်တာဟာ။နင့်ဖေဖေကိုနင်သိပ်ချစ်တာ ကျောင်းနေစဉ်တလျှေက်လုံးငါသတိထားမိပါတယ်။ဒီသတင်းကြားရတော့ငါshork ဖြစ်သွားတယ်။
15 Mar 09, 16:41
kyiphyupaing (chomar): သူငယ်ချင်းရေ...နင့်ကိုonline မှာမတွေ့လို့နင်ရန်ကုန်များပြန်သွားသလားလို့စိတ်ကထင်လိုက်မိတယ်။နင့်blog ကိုဝင်ကြည့်ရင်သဲလွန်စတစ်ခုတော့ ရမှာပဲလို့ငါတွက်မိတော့ ခုချက်ချင်းပဲ blog ကိုငါဝင်ကြည့်မိတာ။
15 Mar 09, 07:53
အန်တီချမ်း: heard from KOM felt sorry, we all will be with you, hang in there dear
15 Mar 09, 00:34
မိုးချိုသင်း: ညီမရေ အမတို့လုပ်ပေးနိုင်တာ ရှိလဲ ပြောပါအုံး။
15 Mar 09, 00:32
မိုးချိုသင်း: ညီမလေး ကိုယ်ချင်းစာစိတ် အပြည့်နဲ့ အားပေးသွားပါတယ်။ အားတင်းထားပါ။
15 Mar 09, 00:28
မိုးချိုသင်း: ညီမလေးရေ..မမဆီက သတင်းကြားလို့ လိုက်လာတယ်။ စိတ်မကောင်းလိုက်တာ။ တို့ အမျိုးတွေပဲ။ လေးလေး ဦးမြင့်မောင်ရော နေကောင်းရဲ့လား။
14 Mar 09, 23:08
အောင်သာငယ်: မKOM ပြောလို့ သိရပါသည်... စိတ်မကောင်းပါ...
14 Mar 09, 20:52
thetpaingthu: မမရီတာရေ။ အစစအရာရာ အဆင်ပြေပါစေနော်။ မမနဲ့ အတူတူ ၀မ်းနည်း မိပါတယ်နော်။
14 Mar 09, 18:40
သက်ဝေ: ရီတာရေ... အရမ်း စိတ်မကောင်းပါ။ အစစအရာရာ အဆင်ပြေပါစေနော်...
14 Mar 09, 16:57
Rita: အဆင်ပြေပါစေကွာ
14 Mar 09, 15:02
TZA: အစစ အဆင်ပြေပါစေဗျာ။
14 Mar 09, 12:50
pm: အန်တီkom ပြောမှသိရ။ အကြောင်းကြောင်းကြောင့် ရန်ကုန်ပြန်တော့မည်မှန်း...
14 Mar 09, 12:09
ုkom: စိတ်မကောင်းလိုက်တာ။
14 Mar 09, 12:09
ုkom: ကျေးဇူး NT အားလုံးက စိတ်ပူနေကြတယ်
14 Mar 09, 08:57
NT: She went back for her father funeral, just for your info
14 Mar 09, 00:27
MayMoe: အစစအရာရာ အဆင်ပြေပါစေနော်
13 Mar 09, 23:52
sdl: ညီမရေ.. ညီမဖေဖေကျန်းမာချမ်းသာပါစေ....ဆုတောင်းပေးနေတယ်နော်
13 Mar 09, 23:35
သီဟသစ်: Rita ရေ အားလုံး အဆင်ပြေပါစေကွာ
13 Mar 09, 19:18
အန်တီချမ်း: ဒေါ်ရီတာ ဘာဖြစ် သတင်းလာမေး
13 Mar 09, 15:49
ဖိုးစိန်: ဘုမသိ ဘမသိပေမယ့် ရောရောင်စိတ်ပူမိပါသည်..အဆင်ပြေပါစေဗျာ..
13 Mar 09, 15:36
zt: အားလုံး အဆင်ပြေပါစေ။
13 Mar 09, 15:28
kom: စိတ်ပူနေသည်။ စိတ်အေးအေးထားပါ။
13 Mar 09, 15:28
kom: ရှောင်တခင် နက်ဖန် (13.3.2009) မြန်မာပြည် ပြန်မည်။ ၂ ပတ်ခန့်ကြာမည်။ လတ်တလော မှောင်သွားလိုက်တာ
13 Mar 09, 14:44
kom: အဖေ နေမကောင်းဘူးလား။ အစ်မကို အကြောင်းပြန်ပါဦး စိတ်ပူနေတယ။် take care..
13 Mar 09, 14:41
kom: လာကြည့်တယ် ညီမ. ဘာတွေဖြစ်နေသလဲ။
13 Mar 09, 14:29
strike: အကောင်းဆုံးများဖြစ်ပါစေ
13 Mar 09, 08:38
မနောသား: အလည်ရောက်ပါတယ် ..ပျော်ရွင်ပါစေ ..
13 Mar 09, 03:14
thetpaingthu: ပြန်တော့မှပေါ့လေ.... နာလိုဘူးဂျ
12 Mar 09, 23:49
အန်တီချမ်း: ဒေါ်ရီတာ ထထ အောက်မှာခွေးချီးတွေ (စပေးနေတာနော် ဒီလိုပေါ့ကွယ် ဘ၀ ဆိုတာ လဲကျလိုက်ပြန်ထလိုက်ပေါ့ ဒူးနာ ဒူးပွန်းလဲခဏပါပဲကွာ မပူပါနဲ့ တို့တွေရှိပါတယ်)
12 Mar 09, 20:41
strike: omg..
12 Mar 09, 20:27
သီဟသစ်: Rita ရေ Good Luck ပါကွာ
12 Mar 09, 19:09
thetpaingthu: pyan tot mal.... :(
12 Mar 09, 16:29
နန်းညီ: ဟလို ရောက်စ်တယ်စ်..
12 Mar 09, 14:41
အန်တီချမ်း: ဟယ် အခွန်ရှောင်တာလားဟင်???` ဟိစတာနော်
12 Mar 09, 02:06
strike: မြန်မာပြည်မယ်ဆိုတော့ မိသားစုဝင်ထဲကနေမကောင်းတာမသက်သာလို့လား
_______________________________________________________________
ဒီအကြောင်းတွေ ပြန်မရေးချင်ပါဘူး။ ဒါပေမယ့် ကျေးဇူးတင်လို့ ရေးတာပါ။

မပြန်ခင်နေ့က သံရုံးမှာ နာမည်စာရင်းကြည့်ပြီး တကူးတက လာနှုတ်ဆက်တဲ့ စကားအကြာကြီးပြောဖြစ်တဲ့ အစ်မ မသီတာ (Sonata-Cantata)
သံရုံးကို ကြိုသွားပြီးစာရင်းသွင်းပေး၊ ကျန်တဲ့ကိစ္စ အစစ ကူညီပေးတဲ့ သူငယ်ချင်း မင်းလှတာ
လေယာဉ်လက်မှတ်အတွက် ချက်ချင်း ငွေလွှဲပေးတဲ့ သူငယ်ချင်း ဉာဏ်ထွန်း
ကောင်းခြင်း ဆိုးခြင်းတွေကို ဝေမျှနေကျ သူငယ်ချင်း စု

လေယာဉ်ကွင်းကို တကူးတက လိုက်ပို့တဲ့ အခန်းဖော် ညီမလေးနှစ်ယောက်
လေယာဉ်ကွင်းအရောက် ဖုန်းဆက်ပြီး တူတူ ငိုပေးတဲ့ သူငယ်ချင်း မိုင်သီ
ဖုန်းလှမ်းဆက်ဖော်ရတဲ့ ကိုစည်သူ

သိသိချင်း စိတ်ပူ သတင်းမေးတဲ့ မမ ခင်ဦးမေ၊ မမချို၊ သူငယ်ချင်း ချိုမာ
ရုံးက စီနီယာ

မအားတဲ့ကြားက ညဘက်ကြီး လာကြိုပေးတဲ့ စု နဲ့ မောင်လေး စည်သူ

cbox မှာ သတင်းမေးသမျှ ချစ်ခင်စွာသော blogger များ နှင့် blog reader များ
ကျေးဇူးတင်စရာရှိသမျှ လူအားလုံးကို ကျေးဇူးအထူးတင် မှတ်တမ်းတင်ပါတယ်။

ရန်နိုင့်ကိုလည်း ကျေးဇူးတင်ပါတယ်

(ကျေးဇူးတင်စရာ စာ နောက်တစ်စောင်ကိုတော့ ကာယကံရှင် မနှစ်သက်မှာစိုးလို့ မဖော်ပြတော့ပါ။ အဲဒီစာအတွက် ကျေးဇူးကို ဒီနေရာမှာပဲ မှတ်တမ်းတင်ပါတယ်)

Thursday, March 12, 2009

To My Beloved Father !

ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် အကြိမ်ကြိမ် လဲကျတိုင်း ဖေဖေပဲ ထူမတ်နိုင်ခဲ့တာ
ဒီတခါ လဲကျတော့ ဘယ်သူက လာထူနိုင်ပါတော့မလဲ

Monday, March 9, 2009

My Very Current Status !






အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။


အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။


အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။

အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။

အခွန် ဆောင်ရတော့မယ်။ Passport သက်တမ်း တိုးရတော့မယ်။

Sunday, March 8, 2009

ကိုယ်နဲ့ သက်ဝေ

မြန်မာသံတွေကို ငယ်ငယ် တတိယတန်းလောက်က တစ်ချက် စိတ်ဝင်စားဖူးတယ်။ အဲဒီတုန်းက မာမာအေးသီချင်းတစ်ခွေ နားထောင်ရင်းပေါ့။ အဲဒီထဲမှာ လေဘာတီ သီချင်းတွေ တော်တော်များများ ပါပါတယ်။ အလှူ့ရှင်တို့ ဘာတို့ ညာတို့... TV က ချစ်စရာ့ အရွယ် ကကြိုးသွယ် မှာ ကြားနေကျ သီချင်းတွေများတော့ နားရည်ဝပြီးဖြစ်လို့ ကြိုက်လွယ်သွားတာလဲ ဖြစ်မယ်။ အဲဒီ အခွေကို ခဏခဏ ပြန်နားထောင်နေခဲ့ဖူးတာ မှတ်မိတယ်။

ဒီလိုနဲ့ အသက် တဖြည်းဖြည်း ကြီးလာတော့ အာရုံတွေက ပြောင်းသွားပါတယ်...ဟေမာနေ၀င်း၊ မေဆွိ၊ ပိုးဒါလီ ကနေ ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ထွဏ်းထွဏ်း၊ သျှီ၊ တင်ဇာမော် တွေဖြစ်လာတာပေါ့။

(ဒါပေမယ့် ကိုယ်က စာဖတ်တဲ့ဘက် ပိုအလေးသာခဲ့တယ်။ အလယ်တန်း တလျှောက်လုံး နေခဲ့တဲ့ မြို့မှာ "မိတ်ဆွေများ" ဆိုတဲ့ စာကြည့်သင်း တစ်ခု ရှိနေတော့ ဘာပြောကောင်းမလဲ။
စာသမားတွေဆိုရင် သိနေ မှတ်မိနေဦးမယ် ထင်တယ်။ ဦးအောင်သင်းတို့ မောင်စိန်ဝင်း-ပုတီးကုန်းတို့ နဲ့တောင် ပြဿနာတွေ ပတ်လည် တက်ခဲ့ကြပါသေးရော။ ထားပါလေ .. ရေးမှာက သီချင်းကြောင်းပါ။ သီချင်းတွေက ဖေဖေ၀ယ်ပေးမှပဲ နားထောင်ဖြစ်တာ။ စာအုပ်ကတော့ ငှားဖတ်လို့ရတယ်လေ။)

၁ဝ တန်းအောင်ပြီးတဲ့ အချိန်မှာတော့ မြန်မာသံတွေ တော်တော် အာရုံဝင်စားလာပါတယ်။ အဲဒီ အချိန်မှာ
အထူးသဖြင့် နားထောင်ချင်နေခဲ့တာ စန္ဒရား လှထွဋ် နဲ့စန္ဒရား ချစ်ဆွေရဲ့ သီချင်းတွေ ... အာရုံပြောင်းသွားတာတော့ မဟုတ်ဘဲ ဖြန့်ကျက်လာခဲ့တာ။ ဒါပေမယ့် တော်တော်များများကို TV ကတဆင့်ပဲ နားထောင်ခဲ့ရတာ။

စန္ဒရား ချစ်ဆွေရဲ့ ချစ်အရိပ် သီချင်းထဲက "အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသော ညတစ်ညမှာ..." ဆိုတာကို ကြားရင် မြစ်ဝကျွန်းပေါ်မြို့ကြီးတစ်မြို့က လူစည်ကားတဲ့ လမ်းကျဉ်းလေးရဲ့ နွေရာသီ ညနေခင်း လေပြည်လေးတွေကို သတိရတတ်တယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ TV မကြည့်ဖြစ်တဲ့ ကြားက သီချင်းဟောင်းတွေ လာတာနဲ့ ကြုံရင် Video Tape နဲ့ ကူးထားပြီး နောက် ပြန်, ပြန်နားထောင်ဖြစ်တယ်။ နွဲ့ယဉ်ဝင်း ဆိုတဲ့ "ချစ်လွန်းတင် " သီချင်းလဲပါတယ်။
"မောင့်မျက်နှာ တစ်ရွာမှတ်ထင် အချစ်ဓါတ် ရစ်ပတ်မိရင် ကြာလေလေ ခိုင်မြဲလေလေ အမြစ်ဖြတ်မရဘဲ အသည်းထဲ စွဲကာပင် " ဆိုတာ.. မူရင်း အဆိုတော်တွေထက် ပြန်ဆိုတာတွေပဲ နားထောင်ခဲ့ရတာ ဆိုတော့ သူတို့ ဆိုတဲ့ version ကို ပို နားစွဲတယ်။ အဲဒီလို မိန်းမသား သိပ်ဆန်တဲ့ သီချင်းလေးတွေ နားထောင်ရတာ တော်တော် သဘောကျတယ်။ စာသားတွေက ချစ်စရာလေ...ရေးတာက "မြို့မငြိမ်း" ပါ။

ကျောင်းပြီးကာစ အဲဒါတွေနဲ့ တပြိုင်တည်း တွဲနားထောင်နေခဲ့တာ မြန်မာ ခေတ်သီချင်းတွေ မဟုတ်ဘဲ English Song တွေ။ West Life တို့... Celine Dion တို့... Christina တို့... Savage Garden တို့ ... Enrique Iglesious တို့... ဘာဖြစ်လို့လဲ ဆိုတော့ Listening အတွက်ပါ။

"သက်ဝေ" ကို နားထောင်ဖြစ်တာလည်း အဲဒီ အချိန်လောက်ကပါပဲ... TV မှာ ကလေးမလေး ၈နှစ်၊ ၉နှစ်လောက်ပဲ ရှိဦးမယ်...သူက Piano တီးပြီး "ရတနာဦး" နဲ့ နောက် အမျိုးသား အဆိုတော် တစ်ယောက် (ကိုတင်လင်း လို့ ထင်ပါတယ်) အဲဒါကို နားထောင်ဖူးတာ။ ရတနာဦး ဆိုတာလည်း တော်တော်ကောင်းပါတယ်။ သူ အဲဒီ သီချင်းကို ဆိုသွားတာလည်း မေရှင် flow လေး အတိုင်းပဲ... ခပ်ညည်းညည်းလေးလေ။ အမျိုးသား အဆိုတော်လည်း ကောင်းပါတယ်။ (ဒါပေမယ့် mood နည်းနည်းလိုတယ်)

Asia World မှာ အလုပ်ဝင်တဲ့အခါ အခန်းထဲမှာ City FM က အမြဲလို ဖွင့် ဖွင့်ထားတတ်တော့ အဲဒီက လာတဲ့ သီချင်းသစ်/ ဟောင်းတွေ နားထောင်ဖြစ်နေရာက... တနေ့တော့ "ဝါဝါဝင်းရွှေ" သူ့ အကြိုက်ရွေးတဲ့ အစီအစဉ်မှာ
"သက်ဝေ" သီချင်းကို မူရင်း နားထောင်ခဲ့ရတာပေါ့... ကိုယ်ကတော့ အရင် နားထောင်ဖြစ်တဲ့ ရတနာဦးတို့ အတွဲကို ပိုနားစွဲခဲ့ပါတယ်။

ဒါပေမယ့် ခုမူရင်းကို ပြန်နားထောင်တော့လည်း ပြည့်စုံကောင်းမွန်နေတာပါပဲ။ (ရှာပေးတဲ့သူ ကျေနပ်အောင်ပြောတာ မဟုတ်ပါဘူး။ တကယ်ပါ။ သူတို့ ဆိုဟန်နဲ့ mood ကို ခုမှ ပို attention ပေးမိလို့လဲ ဖြစ်ပါလိမ့်မယ်) "ခိုင်းတော့ သက်ဝေ .." အချီအချ နှစ်ပိုဒ်ကို သေချာ အာရုံစိုက်မိရင် ကိုယ်ပြောတာ ခံစားလို့ ရပါလိမ့်မယ်။

ဘာကြောင့် ကြိုက်တာလဲ ပြောရရင်တော့ တော်တော် ခက်ပါတယ်။ ကြိုက်ချင်လို့ ကြိုက်တာပါ။ သံစဉ် စာသား နှစ်ခုလုံး ဒါမှမဟုတ် တစ်ခုခုကို ငြိလိုက်ရင် ကြိုက်သွားတာပါပဲ။ ပြီးတော့ ကိုယ်က သီချင်း ဝါသနာပါတယ် ဆိုတာထက် ဂီတကို စိတ်ဝင်တစား ဝါသနာပါတယ် ပြောရင် ပိုမှန်မလားလို့။ ဘာဖြစ်လို့ဆိုတော့ တော်တော်များများလို တလမ်းမောင်း မဟုတ်ဘဲ လိုင်းစုံကို ခံစားနှစ်သက်မိတတ်လို့ပါ။

ကိုယ်တို့ batch တွေ နဲ့ တော်တော်မကိုက်တော့ဘူး ဆိုနိုင်တဲ့ ... "လှုပ်လှုပ်
လှုပ်လှုပ် မင်းလာတော့ ဒုတ်ဒုတ် ဒုတ်ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်းလိုလို ဟာကိုလဲ တော်တော်ကောင်းရှာသားပဲ လို့ ထင်ရင်ထင်နေတတ်တာမျိုး။ ဒါပေမယ့် စိတ်ထဲမှာ ကောင်မလေးက ဘာလှုပ်လာလဲမှ မသိတာလို့တော့ ဆက်တွေးမိသေးတယ် ... I am not 17 လေ :D (အဲဒီ သီချင်း ဘယ်သူ ဆိုတာလဲတော့ ခုထိ မသိပါဘူး)

ပြီးတော့ TV မှာ
မိုးရာသီအတွက် မိုးလေဝသ သတင်းတွေ လာတာနဲ့ ကြုံတဲ့အခါ....
ကိုစောညိမ်းရဲ့ "မိုးသက်လေနှင်" က "ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ကျေပြီထင်ရဲ့ ခိုမှီရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင်" ဆိုတဲ့ အပိုဒ်ကလေးရဲ့ နောက်ခံတေးသွားလေးကို ကြားရင် လုပ်လက်စ အလုပ်ကို ရပ်ပြီး အဲဒီ
ခဏလေးပဲ ကြားရတဲ့ တယောသံလေးကို စွဲစွဲမက်မက် နားထောင်ချင်တတ်တယ်။

ခုတောင် "သက်ပိုင်သူ" စပေးလို့ "ချစ်သမျှကို" ကို ပြောင်းရေးထားပြန်သေးတဲ့ မြို့မငြိမ်းရဲ့ "ချစ်တာ ပဓာန" သီချင်း နားထောင်ချင်လာပြန်တယ်။ "တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ရွှေပုံပေါ်မှာစံရ ချစ်တာချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်"

"အချစ်ကို
ယုံလို့ ပုံကြတယ် ... ရွှေမြင်းမိုရ်တောင်လုံး တုံးမှတ် ခုန်မယ်..
မိုးစွန်ထက်ဖျား သိကြားထံ ကြယ်ပျံကို လိုသေး မောင်ယူပေးမယ်...
ချစ်တာ သူက ပဓာနပဲတဲ့ ရာသက် တိုင်ရွယ် ... မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင် ကပ်လုံးဆုံး တိုင် တိုင်
တူပြိုင်ကျော သဉ္ဇာဝယ် ချစ်ပင်လယ်ကျောအတူ တကယ်မျောမူ ဆယ်သောသူ မော လိမ့် မယ်"


ပြီးတော့ ရှိပါသေးတယ်။
"သနပ်ခါးခြေဆုံး ခေါင်းဆုံး မောင့်လုပ်စာကို မဖြုန်းလိုပါတယ်
ကိုယ်နဲ့ တတ်အားသရွေ့တော့ ကျောထောက်နောက်ခံ ကူညီရန်ပဲ တကယ်..
တူနှစ်ကိုယ် စီးပွားရှာမယ် ကြီးပွားကာရယ် "
ဆိုတာလေ...
ဘာသီချင်းမှန်းတော့ မသိဘူး... ခုတလော ခေါင်းထဲ ရောက်နေတာ...
(သေချာတာတော့ ဒီမိန်းမ ဟင်းချက်တတ်ပုံမပေါ်ဘူး။ ဒါမှမဟုတ် အချက်ပျင်းပုံရတယ်...စီးပွားရှာမယ်ပဲ ဆိုနေတော့ကာ...) ။ အဲဒီ သီချင်းကို ခုနောက်ပိုင်း "ဂရေဟမ် နဲ့ ဖြူသီ" စုံတွဲ ဆိုထားတာ ရှိတယ်။ သီချင်းနာမည်တော့ လုံးဝ မမှတ်မိတော့ဘူး။

အင်း ပြောလက်စနဲ့ ကြုံတုန်း... ဟိုတလောကတောင် "သက်ပိုင်သူ" ကြောင့်ပဲ သီချင်းတစ်ပုဒ် သတိရမိသေးတာ။ ဘာမှတော့ မဟုတ်ပါဘူး။ မကြာသေးခင်က cbox မှာ တစ်ယောက်က လှတယ်နော် ပြောသွားတာကို မနာလို ဖြစ်ပြီး (မိန်းမချင်းကတော့ ဒီလိုပါပဲ တယောက်လှရင် တယောက်မနာလိုနေကျ) ပြောတဲ့လူကို မျက်စေ့သွားစမ်းဦး ဘာဦးနဲ့ ပြောလို့... လေဘာတီ မမြရင် သီချင်းကို သတိရမိတာ..."စံပယ်တင်မှဲ့" လေ...

"ကျွန်မကိုယ် ကျွန်မပင် ချောတယ် လှတယ် ဘယ်သောခါ မပြောဝံ့ပေါင်ရှင် ... အရုပ်ဆိုးကာ အကျည်းတန်တယ်လို့ထင်.."

(ကိုသီဟသစ်က ရေးဖို့ တောင်းဆိုလို့ပါ။ သူ့ကြောင့်
ရေးဖို့ idea ရသွားတာမို့ ကျေးဇူးတင်ပါတယ်။)

Friday, March 6, 2009

သက်ဝေ

သက်ဝေ
[ တေးဆို။ ပြည်လှဖေ ၊ မေရှင် ]
[ တေးရေး။ မြို့မငြိမ်း ]

[ သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ

မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ
အသည်းမှာ စွဲမက် အသက်ကိုပုံမယ်လေ ] ၂

တကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင် သေသေ

အသွေးယူ အသားကို လှူလှူ

စိတ်တူတယ် ရီရီ ပြုံးပြုံး
မဒ္ဒီဒေဝီ ဝေဿန်ထုံးလို နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ အလိုကျ ဆိုသမျှ
ကိုယ်ရော စိတ်ပါ လိုက်ရောရပါမယ်လေ

[ ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေ ကွယ်စေ
မြမြင်းမိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ ] ၂

ချစ်တဲ့သူ အမူတုံးလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရိုးတဲ့ပြင်
ဆထမ်းပိုး တိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကိုခြွေ

သက်ဝေ.....

ချစ်မက်မပြေတယ်လေ

ခိုင်းတော့ သက်ဝေ
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်ပေ
မငြိုငြင်ဘူးရှင့်
အသင့် လိုရာစေ

မခိုင်းရက်ဘူးကွယ့်
ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းကင်ပါစေ

ချစ်သက်ဝေ နှမ
စိတ်တိုင်းကျကျ ပျော်သလိုနေ

လှသထက် လှမယ်ဆိုရင်
ဆေးဘက်ဝင်ပါသလား
မောင့် အသားတွေ မောင့်အသွေးတွေ မောင့်အသည်းတွေ မောင့်နှလုံးတွေ
အသုံးပြုပါလေ
ကြည်ဖြူပါတယ် လိုရာကို ယူစေ...

[ ဓူဝံကြယ် မြေမှာခကြွေ... သွေကွက်မယ် စိတ်ဝယ်မပွေ ]

***
Romantic !

"စာမျက်နှာ ၁၅" သီချင်းအပြီး ဒုတိယအကြိမ် တင်ဖြစ်တဲ့ သီချင်းပါ။ ကိုယ် တော်တော်ကြွေတဲ့ သီချင်းပေါ့။

" ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ.." ဆိုတာ မျိုးကျော့မြိုင် ပြန်ဆိုထားတဲ့ ဝင်းဦး သီချင်း "မောင်တို့ ချယ်ရီမြေ" အစမှာပါတဲ့ " အို မောင့်နော်ဇာ ရွှေကုံး ဂမုန်းခိုင်ရယ် " ဆိုတာမျိုးလို့ ထင်ပါတယ်။ (နော်ဇာ ဆိုတာ ကောင်မလေး နာမည်မဟုတ်ဘူး။ လည်ဆွဲ ဘယက်တမျိုးကို ခေါ်တာပါ။ ဒီဇိုင်းပေါ်မူတည်ပြီး ခေါ်တယ်လို့ ထင်ပါတယ်။ မှားရင်လည်း မှားလိမ့်မယ်။ လည်မှာဆွဲတဲ့ အဆင်တန်ဆာပါပဲ။ မှားရင်လည်း ပြင်ပေးနိုင်ပါတယ်။)

ပြီးတော့တွေးမိသေးတယ်။ " ပျော်သလို နေပါကွယ် " သီချင်းကို ထူးအိမ်သင် ရေးတော့ ဒီသီချင်းကိုများ သတိရမိခဲ့သေးလားလို့...
" ချစ်သက်ဝေနှမ စိတ်တိုင်းကျကျ ပျော်သလိုနေ "... ဆိုတာ တော်တော် စောတဲ့ ခေတ်ကနော်...

မျိုးကြီးရဲ့ " ကြယ်တွေ ကြွေသွားသည့်တိုင် " ဆိုတာလည်း သူ့ထက် အများကြီး နောက်ကျခဲ့သေးတယ်။
" ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေလတွေ ကွယ်စေ "

ဘယ်နှယ့်လဲ... စာသားတွေ လန်းတယ် ဟုတ် ? သီချင်းရေးတဲ့ သူ ဘယ်သူလဲ သိချင်မိပါရဲ့။ ( သိရင်လည်း ပြောသွားကြပါဦး )

စိတ်ဝင်စားမယ်လို့တော့ သိပ်မမျှော်လင့်ပါဘူး။ နားထောင်ချင်ရင်တော့ ဒီမှာပါ ...

မှတ်ချက်။ ။ post တွင်ပါဝင်သော သီချင်းများ အားလုံး post ရေးရင်း သတိရလာမိသော ကိုယ်နှစ်ခြိုက်စွဲလမ်းခဲ့သော သီချင်းများ ဖြစ်ပါသည်။

(သက်ဝေ သီချင်း ရှာပို့ခဲ့တဲ့ "ကိုခိုင်ခန့်ကျော်" ကို သိပ်ကျေးဇူးတင်ပါတယ်)
(တေးရေး ဆရာ "မြို့မငြိမ်း" ဖြစ်ကြောင်း ပြောပေးခဲ့တဲ့ "သက်ပိုင်သူ" ကိုလည်း ကျေးဇူးတင်ပါတယ်)

Wednesday, March 4, 2009

Rita သို့မဟုတ် ကိုယ့်ရဲ့ လျှို့ဝှက်ချက်

လျှို့ဝှက်ချက်များအား ထိန်းသိမ်းရသည်ကို သဘောမကျပါ။ မစောင့်စည်းနိုင်ဘူး ဟု ဆိုလိုခြင်း မဟုတ်ဘဲ ဖြစ်နိုင်လျှင် ဘာကိုမှ လျှို့ဝှက်သိပ်သည်းမနေဘဲ ဘ၀ကို ပေါ့ပေါ့ပါးပါးသာ ဖြတ်ကျော်လိုပါသည်။
*
စာရေးဆရာလုပ်ဖို့ ငယ်ငယ်က (၇ တန်းလောက်က) စိတ်ကူးတုန်းကလည်း နာမည်ရင်းနဲ့ လုပ်ဖို့ပါပဲ။ blog လုပ်တော့လည်း သူများတွေ လူသိမခံဘဲ နာမည်ဝှက်လေးတွေနဲ့ လုပ်နေတာ အားမကျဘဲ..နာမည်ရင်းနဲ့ပဲ လုပ်ခဲ့တယ်။ ဓါတ်ပုံတွေတောင် တင်လိုက်ပါသေးရော။

Blog ရယ်လို့ စဖတ်ဖူးတာ ညီလင်းဆက် ရဲ့ blog ဖြစ်တာကြောင့်လဲ ပါမယ်ထင်တယ်။ သူတောင် နာမည်ရင်းသုံးသေးတာပဲ ဆိုပြီး... (ဘာမှတော့ မဆိုင်ပါလေ)...ဒါပေမယ့် သူ့ influence ကလဲ တော်တော်ပါပါတယ်...ဓါတ်ပုံတွေတင်တော့လဲ သူတောင်တင်သေးတာပဲ ဆိုပြီး (ဘာမှတော့ မဆိုင်ပါလေ) ဒါပေမယ့် ရှေ့ကလူသွားတဲ့ လမ်းကြောင်းအတိုင်း လိုက်တတ်တာတစ်ခုပေါ့ ...blog account ရသွားတာကလဲ ညီလင်းဆက် blog မှာ follower လုပ်ရင်း ရခဲ့တာ ဆိုတော့ display name ကို နာမည်ရင်းပဲ သုံးခဲ့တယ်။ သူ့ blog ကို follow လုပ်ပြီး တော်တော်ကြာတဲ့တိုင်အောင်လဲ blog က မရေးဖြစ်ပါဘူး။

ရေးဖြစ်တာကလဲ Suboo Account crash ဖြစ်သွားလို့ "မောင်" ဆိုတဲ့ ကဗျာကို တော်တော်တင်ချင်လွန်းပြီး blog ရေးခဲ့တာ...အဲဒီမှာ စတွေ့တာပဲ။ ရပ်လို့ကို မရတော့ဘူး။ စာဖတ်ဖို့လဲ ပျက်ကွက်။ News တွေ အာရုံစိုက်ဖို့လဲပျက်ကွက်။ Study ဖို့လဲပျက်ကွက် ... ပျက်ကွက် ... ပျက်ကွက် ... ပျက်ကွက် ...

ကဲပါလေ လိုရင်းပဲ ပြောရရင်...
2009 မရောက်ခင် ကိုရန်အောင်နဲ့ စကားပြောဖြစ်ကြတော့ သူက blog နဲ့ ပတ်သတ်ပြီး နည်းနည်း ဗျူးပါတယ်။ ပြီးတော့ စာသေချာဆက်ရေးတော့မယ်ဆိုရင် နာမည်ပြောင်းလိုက်ပါတဲ့။

အမှန်အတိုင်း ပြောရရင် သူပြောတဲ့ အချက်တွေကို စဉ်းစားပြီး ပြောင်းလဲ ပြောင်းချင်တယ်။
ဘာပဲလုပ်လုပ် နာမည်ရင်းနဲ့ပဲ လုပ်ချင်တဲ့ အတွက် ပြောင်းလဲ မပြောင်းချင်ဘူး။ နာမည်ရင်းနဲ့ရေးလို့ ၊ ဓါတ်ပုံတင်လို့၊ တခုခု ငြင်းကြခုန်ကြ ဆဲကြဆိုကြ ဖြစ်မှာလဲ သိပ်တွေးနေတတ်သူ မဟုတ်ဘူး။ ဘုရားတောင် အကဲ့ရဲ့ မလွတ်ဘူး မဟုတ်လား။ (အဲဒီလိုပဲ လုပ်ချင်ရင် အကြောင်းပြချက်တွေ ၊ ဆင်ခြေတွေ တပုံကြီးရှာပစ်လိုက်တာ)

ဒါပေမယ့် ကိုယ် ပြောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုရန်အောင် အကြံပေးတဲ့ 1st Jan မှာ ပြောင်းမယ်လို့ ကိုရန်အောင်ကို ပြောလိုက်တယ်။ ဒါပေမယ့် နာမည်ကို စဉ်းစားရဦးမယ်။ ကိုရန်အောင်က နာမည်ရရင်ပြော...သူပြောင်းပေးမယ်တဲ့။

အို မပြောပါနဲ့တော့။ စဉ်းစားလိုက်ရတာ ဆိုတာ... စားလဲ Pen Name ... သွားလဲ Pen Name...။ ရည်းစား စထားကာစတုန်းကတောင် ဒီလောက် စိတ်ထဲ မရှိပါဘူး (တစ်မှတ် !!!)

"ဂျူး" လို တိုတိုပြတ်ပြတ်နဲ့ မှတ်မိလွယ်ပြီး အားရှိမယ့် နာမည်မျိုး...
"ခင်ဦးမေ" ဆိုတဲ့နာမည်လေးလို ရိုးရှင်းစွဲမက်စရာကောင်းပြီး မိန်းမဆန်တဲ့ နာမည်မျိုး...
"မိုးချိုသင်း"
ဆိုတဲ့နာမည်လေးလို ချစ်စရာ ကဗျာဆန်တဲ့ နာမည်မျိုး...
"မယ်လိုဒီမောင်"
ဆိုတဲ့နာမည်လေးလို ရှည်လျားပေမယ့် ဆန်းပြားနားစွဲလွယ်တဲ့ နာမည်မျိုး...

စာရေးဖို့ စိတ်ကူးတုန်းကတောင် Pen Name ရွေးဖို့ စိတ်မကူးခဲ့ဖူးဘူးဆိုတော့ ဒီချိန်ကျမှ နာမည်ရွေးရတာ အာရုံတွေ မလန်းတော့ဘူး။

တစ်လလုံးလုံး ဘာနာမည်မှ စဉ်းစားလို့ မရဘူး။ နာမည်ရင်းလဲ ရှည်ပေမယ့် လေးလုံးတော့ မမှည့်ဘူးလို့ပဲ ... ရှည်ရင် နည်းနည်း ကြောင်တယ်။ နာမည်လေးလုံးပေမယ့် အရမ်းမိုက်တဲ့ Melody Maung ကျတော့ သူများဦးသွားပြီ... :(

Jan ကုန်ခါနီးတော့ ကိုယ့်ခေါင်းထဲမှာ မီးသီးလေးလင်းသွားတယ်။
ဂျူးရေးတဲ့ "မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်" ထဲက မထင်မရှား ဇာတ်ကောင်လေးရဲ့ နာမည်...

"Rita"

အိုကေ... အဲဒါပဲ အတည်ပြုလိုက်ပြီ ဆိုပြီး ကိုရန်အောင်ဆီ email ပို့လိုက်တယ်။ သူကလဲ ဒီနာမည် ကောင်းတယ် ပြောတော့ ကိုယ်လဲ နာမည်ရင်းကို နှမျောပေမယ့် စိတ်တိုင်းကျသွားပါတယ်။

ဒါပေမယ့် မရပါဘူးတဲ့ရှင်။ အဲဒီနာမည် register လုပ်ပြီးသားဖြစ်နေပါပြီ။ 2nd Feb မှာပဲ သူ mail ပြန်လာပါတယ်။ နောက်တစ်လုံး ထပ်ထည့်ပါ။ ပြန်စဉ်းစားပါတဲ့။

ကိုယ်တော့ စဉ်းကို မစားတော့ဘူး။ ကိုရန်အောင်လည်း ပျောက်သွားလိုက်တာဆိုတာ... Feb တစ်လလုံးလုံးပဲ။
24th Feb ကျမှ ပြန်ပေါ်လာပြီး ... အလောသုံးဆယ်နဲ့ 15 minutes အတွင်း နာမည်ပြောင်းမယ် ...စဉ်းစား စဉ်းစား နဲ့ ရုံးမှာ အလုပ်ရှုပ်နေချိန်ကြီး ပေါ်လာပြီး ...

ကိုယ်ကလဲ နာမည်ကို နောက်တစ်လုံးကို မထည့်ချင်တာ... ဒါနဲ့ Rita's Diary လို့ ပြောတော့ ' က ထည့်လို့မလှဘူးလို့ပြောတယ်။
ဒါနဲ့ blog URL က ritako ဖြစ်သွားရော။ "ပုလုကွေး" ကတော့ ဒါကို "အာရ်အိုင်တီ အကို" လို့ ဖတ် ဆိုပဲ။ :D


ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ (မြန်မြန်ဖြတ်မှ ... အိပ်ချင်လှပြီ)

စေတနာနဲ့ အကြံပေးပြီး၊ မအားတဲ့ ကြားက blog URL ပြောင်းပေးခဲ့တဲ့ ကိုရန်အောင် ကို အထူးကျေးဇူးတင် မှတ်တမ်းတင်ပါတယ်။

*
ရည်းစား တစ်ယောက်ပြောင်းထားတိုင်း အရင် ရည်းစားဟောင်း အကြောင်း အကုန်အစင် ဖွင့်ဟပြောသည့် အလေ့အထရှိသူကို ဘယ်လို သတ်မှတ်တတ်ကြပါသလဲ။ အတော်များများကတော့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းလို့ သတ်မှတ်ကြမည် ထင်ပါသည်။ အဲဒီ ကိစ္စကိုပဲ ရှုထောင့်တစ်မျိုးကနေ ပြောင်းကြည့်ပြီး ရေးထားတဲ့ ဆရာ ငြိမ်းကျော်ရဲ့ ၀တ္ထုတို တစ်ပုဒ် ဖတ်ခဲ့ရဖူးပါသည်။ သူမြင်ထားတာက "မိမိကိုယ်တိုင်ရဲ့ လျှို့ဝှက်ချက်ကို တာဝန်ယူ ထိန်းသိမ်းထားနိုင်စွမ်း အားနည်းလို့" ပါတဲ့။

သူကြည့်ထားတဲ့ရှုထောင့်နဲ့ သူရေးထားတဲ့ ဇာတ်ကောင်ရဲ့ စရိုက်က ကွက်တိကျနေတော့ အဲဒီ ၀တ္ထုတိုကလေးကို ခုထိ မှတ်မိနေပါသည်။ ကိုယ်ကိုယ်တိုင်လည်း ငါကတော့ ပွင့်ပွင့်လင်းလင်းပဲ လို့ မာန်တက်မယ်ကြံရင် အဲဒီ ၀တ္ထုတိုလေးနဲ့ ၀တ္ထုထဲက ဇာတ်ကောင်ကို သွားသွားသတိရတတ်ပါသည်။

နာမည်ပြောင်းပြီးမှ "ကိုပေါ" ဆီမှာ comment ရေးတော့ အပေါ်က Rita နာမည်နဲ့ အောက်က ကိုပေါ မမှတ်မိမှာစိုးလို့ နာမည်ရင်းကို အပြည့်အစုံရေးလိုက်သေးတယ်။

Top Secret, Bottom Open လေ... :D
(ကိုရန်အောင်သိရင် ဘယ်လောက် စိတ်ပျက်လိုက်မလဲ။ မသိအောင် ၀ှက်ခိုင်းထားပါတယ် ဆိုမှ... မသိမှာစိုးလို့ ဆိုပြီး သွားပြောပြလိုက်သေးတယ်။)

*
"သူများခေါ်တဲ့ သာဓုဟာ ကိုယ့်ဆီကနေ လမ်းလွှဲသွားပေမယ့် ကိုယ့်ကုသိုလ်ကတော့ ကိုယ့်ဆီကနေ ထွက်ပြေးမသွားပါဘူး။" လို့ ညီလင်းဆက် မကြာခင်ကပဲ သိမ်းတင်သား ဆိုတဲ့ post မှာ ရေးခဲ့တယ်။

နာမည်ပြောင်းတယ် ဆိုတာ တကယ်တော့ potential ရှိတဲ့ ဆိုးကျိုးတွေကို လမ်းလွှဲပစ်ဖို့ပဲ မဟုတ်ပါလား။
တကယ်တော့ ကောင်းတာပဲ ယူမယ် ... ဆိုးတာတော့ မယူဘူး လုပ်လို့မရပါဘူးလေ။
သူများက သာဓုခေါ်မယ်ဆိုလဲ နာမည်လေးနဲ့ လမ်းလွှဲမသွားဘဲ ကိုယ့်ဆီရောက်မှာပါပဲ... ဆဲရေးတိုင်းထွာတယ် ဆိုလဲပဲ ကိုယ့်ဆီကနေ ထွက်ပြေးမသွားပါဘူး။

ကိုယ်လုပ်သမျှ ကောင်းကျိုးဆိုးပြစ်တွေဟာ ကိုယ့်ဆီပဲ တိုက်ရိုက်လာမှာပါပဲ။
Rita ဖြစ်စေ... နာမည်ရင်းဖြစ်စေ... ကိုယ် ဘာပဲလုပ်လုပ် ကိုယ်တိုင် အားလုံးတာဝန် ယူချင်ပါတယ်။

(strike သို့)